Oct 29

ဗိုင်းရပ်စ် ကိုက်သွားလို့ ယူအက်စ်ဘီထဲက ဖိုင်တွေ ပျောက်သွားလို့ စိတ်ညစ်မနေပါနဲ့။ ဒီလိုလေး လုပ်ရုံပါဘဲ။
(အခုပြောမှာက ဗိုင်းရပ်စ်က ဖိုင်တွေကို ၀င်းဒိုးစ်စစ်စတမ်ဖိုင်အဖြစ်ပြောင်းလိုက်လို့ ဖိုင်တွေ မတွေ့ရတော့တဲ့ အမျိုးအစားအတွက်ပါ။ ဖိုင်တွေက ပျက်သွားတာမဟုတ်ဘဲ ရှိနေဆဲပါ။ ဒါပေမယ့် Hidden file/folder ဖြစ်သွားတာပါ။ Right Click > Properties မှာ Hidden ကို uncheck လုပ်လို့လည်း မရပါ။)

ပထမဆုံး Control Panel > Folder Options ကိုဖွင့်ပြီး View ရဲ့အောက်မှာရှိတဲ့

  1. Show hidden files, folders and drives ကို check (အမှတ်ခြစ်) လိုက်တယ်
  2. Hide extensions for known file types ကို uncheck (အမှတ်ခြစ်ဖြုတ်) လိုက်တယ်
  3. Hide protected operation system files (Recommended) ကို uncheck (အမှတ်ခြစ်ဖြုတ်) လိုက်တယ်

ပြီးတော့ Ok, Ok တွေ လုပ်လိုက်တယ်။ Continue reading »

written by admin

Oct 14

Zwekabain font ကိုသုံးပြီး ကရင်စာတွေ ရိုက်ဖို့အတွက် Kwekabaw Keyboard အသစ် ထပ်ရေးလိုက်ပါတယ်။ အခု ကီးဘုတ်အသစ်က စကောကရင်စာအတွက် အဓိက ရည်ရွယ်တဲ့ အတွက် စကောကရင်စာမှာ အသုံးများတဲ့ KNU လက်ကွက်နဲ့ အနီးစပ်ဆုံးတူအောင် လုပ်ထားပါတယ်။ ဒေါင်းလုတ်ယူဖို့အတွက် ဘယ်ဘက်ခြမ်းအပေါ်ဒေါင့်နားမှာ ဖောင့်ရော ကီးဘုတ် အသစ်၊ အဟောင်း အားလုံး တင်ထားလိုက်ပါပြီ။ ကီးဘုတ်နဲ့အတူ လက်ကွက်တွေလည်း တခါတည်း ထည့်ထားပေးပါတယ်။ Continue reading »

written by admin

Oct 14

Comment ရှည်ကြီးတခုမို့လို့ အများသူငှာ ဖတ်ရအောင် ပို့စ်အဖြစ် ပြန်တင်လိုက်ပါတယ်။ အခုစာထဲကလို အမြင်ကျဉ်းသူလည်း ရှိနိုင်ပေမယ့် အနည်းငယ်မျှသာဖြစ်မယ်လို့ ကျနော် ကတော့ထင်မိပါတယ်။

သို့ …..ကရင်စကားတတ်ပါတယ် ကရင်ပီသပါပေတယ်ဆိုတဲ့ ကရင်ပြည်နယ်က ကရင် လူမျိုးအားလုံး… ကျနော်တွေ့ကြုံနေရတဲ့ ကရင်ပြည်နယ်ကလူတွေ စကားအသုံးအနှုံး တချို့ကိုဝေငှချင်ပါတယ်။ တော်တော်များများ ကရင်ပြည်နယ်က ကရင် အများစုဟာ ကိုယ့်ကိုယ်ကို ကရင်စကားတတ်ပါတယ် ကရင်ပြည်မှာမွေးပါတယ် ဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကို မာနထောင်လွှား စိတ်ကြီးဝင် အထင်ကြီးနေကြလေရဲ့။

နောက်ပီးလဲရှိပါသေးတယ်။ တခြား နယ်၊ တိုင်းတွေမှာရှိကြတဲ့ ကရင်တွေကို ကရင်မစစ်ကြဘူးလို့ အပ်ပေါက်လောက်မကျယ်တဲ့ အမြင်ကျဉ်းမြောင်းစိတ်နဲ့ မြင်ကြတာကို ကျနော်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။ ခုချိန်ထိလဲ ကြုံတွေ့နေရဆဲပါ။

Continue reading »

written by admin

Oct 13

မိတ်ဆွေတယောက်ရဲ့ စက်မှာ ဗိုင်းရပ်စ်ထိသွားတော့ Program icon တွေအားလုံး icon ပုံစံတခုတည်းဖြစ်သွားပါတယ်။ သူ့စက်က ၀င်းဒိုးစ်ဆဲဗင်းပါ။ ဒက်စတော့နဲ့ Start Menu ထဲရှိတဲ့ Program icon တွေအားလုံး Internet Explorer(IE) ပုံစံ ပြောင်းသွားပါတယ်။ ဘာမှ ဖွင့်မရတော့ပါဘူး။

ဒါနဲ့ Control Panel > Folder Options ကိုဖွင့်ပြီး View ရဲ့အောက်မှာရှိတဲ့

  1. Show hidden files, folders and drives ကို check (အမှတ်ခြစ်) လိုက်တယ်
  2. Hide extensions for known file types ကို uncheck (အမှတ်ခြစ်ဖြုတ်) လိုက်တယ်
  3. Hide protected operation system files (Recommended) ကို uncheck (အမှတ်ခြစ်ဖြုတ်) လိုက်တယ်

ပြီးတော့ Ok, Ok တွေ လုပ်လိုက်တယ်။ Continue reading »

written by admin

Sep 29

အားလုံး စာဖတ် မိတ်တွေများ ၊ လာလည်တဲ့ မိတ်ဆွေများကို ပို့စ်အတင်နည်းသွားတဲ့အတွက် အယင်းဆုံး တောင်းပန်ပါတယ်ဗျာ။ ကဲ .. ဒီနေ့တော့ အသုံးဝင်မေ ထင်တဲ့ နည်းပညာနှစ်ခုကို ကျနော် မျှဝေ လိုက်ပါတယ်။

(ပထမ) ကွန်ပြူတာကို အချိန်နဲ့ပိတ်ခိုင်းခြင်း။

ကျနော်တို့ windows အထဲမှာ အလိုအလျှောက်ပါတဲ့ ကွန်ပျူတာကို ပိတ်စေတဲ့ နည်းလမ်းလေးတခုပါပါတယ်။ အဲဒါလေးကို ကျနော်ပြောပြမယ်ဗျာ။ သိပြီးသားဆိုရင်တော့ ဆော်ရီပဲ။ မသိသေးသေးတဲ့ လူတွေကို အဓိက ရည်ရွယ်ပါတယ်။
အယင်းဆုံး Start>Run (or) Windows (key) + R ကို ဖွင့်လိုက်ပါ
ပွင့်လာတဲ့ box အထဲမှာ cmd လို့ရိုက် Enter (or) OK လုပ် command prompt ထဲကိုရောက်သွားလိမ်မယ်။
အဲဒီအထဲမှာ shutdown -s -t 3600 လို့ပေးလိုက်ပါ။ 3600 က စက္ကန့်ကိုပဲ ပြောတာနော်။ ကို ပိတ်ချင်သလောက်ကို ရိုက်ထည့်ပေါ့။
အဲဒီအချိန်ကျရင် အလိုလို ပိတ်သွားလိမ်မယ်။

Continue reading »

written by admin

Jul 17

ဝင်းဒိုးစ်ဆဲဗင်း အတွက် DriverPack Solution 11 ကို တင်ပေးလိုက်ပါတယ်။ ဖိုင်ဆိုက်တော့ များတယ်ဗျာ။ စုစုပေါင်း ဖိုင်ဆိုဒ် 2.85 gb ရှိပါတယ်။ အပိုင်း ၃၀ ပိုင်းခွဲပြီး တင်ထားပေးပါတယ်။

အပိုင်းအားလုံးကို ဒေါင်းလုတ်ပြီး ဖိုလ်ဒါတခုထဲ စုထားလိုက်ပါ။ အပိုင်း ၁ ကို Right Click > Extract Here လုပ်ပေးလိုက်ရင် အပိုင်းအားလုံးပြန်ပေါင်းသွားပါမယ်။

download here

Part1 | Part2 | Part3 | Part4 | Part5 | Part6 | Part7 | Part8 | Part9 | Part10 | Part11 | Part12 | Part13 | Part14 | Part15 | Part16 | Part17 | Part18 | Part19 | Part20 | Part21 | Part22 | Part23 | Part24 | Part25 | Part26 | Part27 | Part28 | Part29 | Part30 |

written by Kyaw Cross

Jul 17

ဝင်းဒိုးစ်ဆဲဗင်း (Ultimate 32bit x86) ကို တင်ထားပေးလိုက်ပါပြီ။ တိုက်ရိုက်ဒေါင်းလုတ်လင့်ပါ။ စုစုပေါင်း ဖိုင်ဆိုဒ် 2.32 gb ရှိပါတယ်။ အပိုင်းတပိုင်းကို 100mg နဲ့ အပိုင်း ၂၃ ပိုင်းခွဲပြီး တင်ထားပေးပါတယ်။

အပိုင်းအားလုံးကို ဒေါင်းလုတ်ပြီး ဖိုလ်ဒါတခုထဲ စုထားလိုက်ပါ။ အပိုင်း ၁ ကို Right Click > Extract Here လုပ်ပေးလိုက်ရင် အပိုင်းအားလုံးပြန်ပေါင်းသွားပါမယ်။

download here

Part1 | Part2 | Part3 | Part4 | Part5 | Part6 | Part7 | Part8 | Part9 | Part10 | Part11 | Part12 | Part13 | Part14 | Part15 | Part16 | Part17 | Part18 | Part19 | Part20 | Part21 | Part22 | Part23 |

written by Kyaw Cross

Jun 13

ဖူးဒို ၏ ရင်ဖွင့် စကားသံ စာတပုဒ်ကို Karen United တွင် တင်ထားတာ တွေ့ပြီးနောက် ဖတ်ရှုပြီးနောက် ကျနော်၏ မိတ်ဆွေများအားလည်း ဖတ်ရှုစေချင်သည့် အတွက် ပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။

ကျနော် ငယ်စဉ်က ရည်ရွယ်ချက်တခုရှိပါသည်။ အရွယ်ရောက်သည့်တနေ့ တိုင်းပြည်နှင့် လူမျိုးတွက် ပေးဆပ်ရန် တော်လှန်ရေးတပ်သို့ ၀င်ရောက်မည်ဟု မိဘတွေကို ကြိုပြောထားပါသည်။ မိဘကတော့မတား၊ သို့သော်ကြုံ တွေ့ရမည့် အခြေအနေများကို နားလည်အောင် ကြိုပြောထားသည်။ အဖေပြောသည့်အတိုင်း အထက်တန်းကျောင်းသားဘ၀တွင် ဟင်းရှိသော်လည်း ထမင်းကိုဆားနှင့် စားကျင့်ခဲ့သဖြင့် ခံနိုင်ခဲ့ပါသည်။ လူပျိုပေါက် ကျောင်းသားဘ၀တွင် မိမိရည်ရွယ်ချက်ကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ ငယ်စဉ်ဘ၀မှ မြင်တွေ့လာနေရသော အာဏာရှင် စစ်တပ်၏ နှိပ်စက်မှုများကို ခုထိမေ့မရ။ မေ့မရအောင် အာဏာရှင်စစ်တပ်က ယနေ့ထက်တိုင် တိုင်းရင်းသားများကို နှိပ်စက်တုန်း။ Continue reading »

written by Kyaw Cross

Jun 13

ဝင်းဒိုးစ် xp အသစ်တင်ပြီးနောက်မှာ ဒရိုင်ဗာတွေ ရှာရတာ တခါတလေမှာ တော်တော်စိတ်ညစ်ရတာ ကျနော်ကိုယ်တိုင်လည်း ခဏခဏပါဘဲ။ အခု ဒီ Driver Pack နဲ့ကျတော့ အတော့်ကို အဆင်ပြေသွားပါတယ်။ ကျနော် ၀င်းဒိုးစ်တင်ပေးဖူးသမျှ လက်တော့ရော၊ ဒက်စတော့တွေမှာပါ ခဏလေးနဲ့ ဒရိုင်ဗာတွေ ပြန်ရှာပေးနိုင်တာကို တွေ့ရပါတယ်။ Continue reading »

written by Kyaw Cross

May 17

ဝင်းဒိုးစ် ဆဲဗင်း ထည့်သွင်းခြင်း (Windows 7 OS installation)

Windows XP ထည့်သွင်းပုံကို ဒီစာမျက်နှာမှာ ကြည့်ပါ။

Windows 7 ထည့်သွင်းပုံကို ဒီမှာကြည့်ကြရအောင်။

STEP (1)
1. windows 7 dvd ခွေကို dvd rom ထဲ ထည့်ထားပါ။
2. ကွန်ပြူတာကို ရီစတတ် (Restart) လုပ်လိုက်ပါ။

3. POST (power on self test) ပေါ်လာချိန်မှာ ကီးဘုတ်ပေါ်က Delete ကီးကို ခေါက်ပေးပါ။ BIOS setup (basic input / output system ပေါ်လာစေဖို့ ဖြစ်ပါတယ်။ (BIOS အမျိုးအစားအလိုက် ပုံစံတွေကွဲပြားပါလိမ့်မယ်။ အလုပ်လုပ်ပုံကတော့ အတူတူပါဘဲ။) (BIOS setup ပေါ်လာဖို့အတွက် Delete key မဟုတ်ဘဲ F2, F12, Esc စသဖြင့်တွေလည်း ဖြစ်နိုင်ပါတယ်။) Continue reading »

written by Kyaw Cross